အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။         ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ ဆောင်ရွက် မည့် အောက်ဖော်ပြပါ လုပ်ငန်းများအား (ဈေးပြိုင်) လေလံတင်ရောင်းချရန် အိတ်ဖွင့် တင်ဒါ ဖိတ်ခေါ်အပ်ပါသည်-

စဉ်

တင်ဒါအမှတ်

လုပ်ငန်းအမည်

(က)

6-1(T) /MESC / 2018-2019

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းလက်အောက်ရှိ ချမ်းအေးသာစံမြို့နယ်၊ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ခွဲရုံများ၊ပလိပ်မြို့ နယ်၊ ပျော်ဘွယ်မြို့နယ်၊ တောင်သာမြို့နယ်နှင့် ပုဂံမြို့နယ်တို့တွင် လေလံတင်ရောင်းချရန်ကျန်ရှိနေသောထရန်စဖော်မာများနှင့် ခွဲရုံသုံး ပစ္စည်းများစုစုပေါင်း (၁၆)မျိုးအား အိတ်ဖွင့်တင်ဒါ(ဈေးပြိုင်)လေလံ တင်ရောင်းချခြင်း

(ခ)

6-2(T) /MESC / 2018-2019

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လက်အောက်ရှိ ရမည်းသင်းမြို့နယ်တွင် လေလံတင်ရောင်းချရန် ကျန်ရှိနေသော ထရန်စဖော်မာ (၁)လုံးအား အိတ်ဖွင့်တင်ဒါ (ဈေးပြိုင်) လေလံတင် ရောင်းချခြင်း

၂။            အိတ်ဖွင့်တင်ဒါပုံစံ နှင့်  စည်းကမ်းချက်များကို ( ၁၄ . ၆ .၂၀၁၉ )  ရက်နေ့တွင် စတင်၍ ရောင်းချမည် ဖြစ်ပြီး  ( ၂၇ . ၆  .၂၀၁၉ ) ရက် (၁၄:၀၀)  နာရီတွင် တင်ဒါပိတ်မည်ဖြစ်ပါသည်။ 

၃။           ( ၂၈. ၆. ၂၀၁၉ ) ရက်နေ့ (၁၄:၀၀)နာရီတွင် အိတ်ဖွင့်တင်ဒါ ( ဈေးပြိုင် )ရွေးချယ်ပါမည်။

၄။           တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။

 

 

တင်ဒါကော်မတီ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)
၂၇ လမ်း၊ ၇၇x၇၈ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
ဖုန်း -  ၀၂-၄၀၆၉၁၂၁,၀၂-၄၀၇၃၈၀၁